အရှင်ပညာသိရီ၏ (၄၂ )နှစ်ပြည့်မွေးနေ့အလှူတော်မင်္ဂလာ
📅 ရက်စွဲ - ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း (၁၀)ရက်၊ (၂၃.၈.၂၀၂၆)၊ တနင်္ဂနွေနေ့
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ (၁)ရပ်ကွက်၊
ဘုရားကြီးလမ်း၊ ပါဠိသိပ္ပံကျောင်းတိုက်
အရှင်ပညာသိရီ (သာသနဓဇဓမ္မာစရိယ၊
Diploma, B.A.,M.A.,M.Phil., Ph.D - Thesis) ၏
သက်တော် (၄၂)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်ကို
အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
- နံနက် ၆ နာရီ မှ ၁၁ နာရီ အထိ ဧည့်ခံကျွေးမွေးပါမည်။
- နံနက် ၉ နာရီ အခမ်းအနား စတင်ပါမည်။
အခမ်းအနားအစီအစဉ်
အစီအစဉ် ၁၊
နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခြင်း၊
အစီအစဉ် ၂။
ဆရာတော်အရှင်အဂ္ဂဝံသ (ပါဠိသိပ္ပံ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြခြင်း
အစီအစဉ် ၃၊
မွေးနေ့ရှင်ဆရာတော်အရှင်ပညာသိရီအား အလှူရှင်မှ မွေးနေ့ကိတ် ဆက်ကပ်လှူဒါန်းခြင်း
အစီအစဉ် ၄။
ဆရာတော် သံဃာတော်များအား အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း
အစီအစဉ် ၅၊
သံဃာတော်များက "သဗ္ဗိတိယော"နှင့် "ဘဝတု သဗ္ဗမင်္ဂလာ" ဂါထာဖြင့် ချီးမြှင့်ပေးတော်မူခြင်း
အစီအစဉ် ၆၊
ဆရာတော်အရှင်အဂ္ဂဝံသ (ပါဠိသိပ္ပံ)ထံမှ ရေစက်ချ အနုမောဒနာတရား နာကြားခြင်း၊
အစီအစဉ် ၇၊
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခြင်း တို့ဖြစ်ပါသည်။
💬 ဆုတောင်းမေတ္တာစကားများ (1)